အစ္စရေးနည်းပညာကုမ္ပဏီတခုက မိုဘိုင်းဖုန်း ဘက်ထရီတွေကို စက္ကန့်ပိုင်း၊ လျှပ်စစ်ကား ဘက်ထရီတွေကို မိနစ်ပိုင်းအတွင်း အားအပြည့် သွင်းနိုင်မယ့် နည်းပညာ တခုကို တီထွင်ခဲ့ကြ ပါတယ်။ တယ်အဗစ်မြို့အခြေစိုက် StoreDot နည်းပညာကုမ္ပဏီက နာနီနည်းပညာတခုကို အခြေခံထားတာဖြစ်ပြီး ရေစုပ်ယူ ထိန်းသိမ်းအား အလွန်ကောင်းတဲ့ ရေမြှုပ်တခု အလုပ်လုပ်ပုံနဲ့ တူညီတယ်လို့ သိပါတယ်။ လက်ရှိဖုန်းတွေထက် ဓာတ်အားပိုသိုလှောင်ထားနိုင်ပြီး စက္ကန့် ၃၀ အတွင်း ၁ ရက်တာ ဘက်ထရီအား အပြည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီနည်းပညာသစ်ကို အရင်က တီထွင်ခဲ့ဖူးခြင်း မရှိသေးဘူးလို့ ကုမ္ပဏီကို ထူထောင်သူ၊ စီအီးအို Doron Myersdorf က ပြောဆိုပါတယ်။ ဒီစီမံကိန်း ရင်းနှီးမြှုပ်နှံသူတွေထဲမှာ ချယ်ဆီးဘောလုံး အသင်းပိုင်ရှင် ရုရှာဘီလီယံနာသူဌေးကြီး Roman Abramovich လည်း ပါဝင်ပါတယ်။ လောလောဆယ်တော့ လက်ရှိမိုဘိုင်လ်းဖုန်းတွေထက် အရွယ်အစား ကြီးလွန်းနေတာကြောင့် ၂၀၁၆ မှာ အစောဆုံး မိုဘိုင်းဖုန်းအရွယ်တွေကို ဈေးကွက် တင်နိုင်မယ်လို့လည်း Doron က ပြောပါတယ်။ အမေရိကန်ဒေါ်လာ ၄၈ သန်းတန် ဒီစီမံကိန်းမှာ အာရှတယ်လီဖုန်းကုမ္ပဏီတခုလည်း ပါဝင်ပြီး အမည်ကိုတော့ ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆန်ပါတယ်။ အခုနှစ်ထ Read more » 28 Nov 2014